Powered By Blogger

Tuesday, March 04, 2014

windows firewall ဆိုတာဘာလဲ.............?

====================================== စာဖတ် ဝါသနာပါသူ မိတ်ဆွေ တွေ နဲ့ ကွန်ပျူတာ ကို အခုမှ စတင်လေ့ လာသူတိုင်း သိထားသင့် တယ်လို့ူဆပါတယ်......... Firewall ဘယ်နှစ်မျိုးရှိသလဲ.. ဘယ်နှစ်မျိုးရှိလဲဆိုတော့ လွယ်လွယ်ပြောရရင် ..၂ မျိုးဘဲရှိပါတယ် ..Software Firewall နဲ့ Hardware Firewall ပါ.. ဒါပေမဲ့ .. Firewall ကို အုပ်စု ၄ မျိုးခွဲထားပါတယ်.. ဒါတွေကတော့ 1. Free Firewall 2. Desktop Firewall 3. Software Firewall 4. Hardware Firewall တို့ပါဘဲ.. Free Firewall ဆိုသည်မှာ.. Free Firewall တွေဟာ Software များဖြစ်ကြပြီး များသောအားဖြင့် ၄င်းတို့ဟာ အလွယ်တကူ Setup လုပ်နိုင်ကြပါတယ် သူတို့တွေ ဟာ ကုမ္ပဏီအသေးလေးတွေကနေ အလယ်အလတ်တန်းအစား အထိအသုံးပြုနိုင်ကြပါတယ်.. Free Firewall တွေဟာများသောအားဖြင့် Desktop Firewall ပုံစံနဲ့လာတတ်ကြပါတယ်.. ၄င်းကို Personal Firewall လို့လည်း ခေါ်ပါတယ်.. Desktop Firewall ဆိုသည်မှာ.. ကွန်ပျူတာ တစ်လုံးတည်းအတွက် ကာကွယ်ဖို့ဘဲ အဲဒီကွန်ပျူတာရဲ့ OS မှာ Installed လုပ်ထားတဲ့ မည်သည့် Software ကိုမဆို Desktop Firewall လို့ခေါ်တာဖြစ်ပါတယ်.. Desktop Firewall ကိုလည်း Personal Firewall လို့လည်းခေါ်ပါတယ်.. ဒီ Desktop Firewall များ ဟာ ========================================== ဆက်ဖတ်ရန်>http://saithu102.blogspot.com/2014/03/windows-firewall.html windows firewall ဆိုတာဘာလဲ.............? ====================================== စာဖတ် ဝါသနာပါသူ မိတ်ဆွေ တွေ နဲ့ ကွန်ပျူတာ ကို အခုမှ စတင်လေ့ လာသူတိုင်း သိထားသင့် တယ်လို့ူဆပါတယ်......... Firewall ဘယ်နှစ်မျိုးရှိသလဲ.. ဘယ်နှစ်မျိုးရှိလဲဆိုတော့ လွယ်လွယ်ပြောရရင် ..၂ မျိုးဘဲရှိပါတယ် ..Software Firewall နဲ့ Hardware Firewall ပါ.. ဒါပေမဲ့ .. Firewall ကို အုပ်စု ၄ မျိုးခွဲထားပါတယ်.. ဒါတွေကတော့ 1. Free Firewall 2. Desktop Firewall 3. Software Firewall 4. Hardware Firewall တို့ပါဘဲ.. Free Firewall ဆိုသည်မှာ.. Free Firewall တွေဟာ Software များဖြစ်ကြပြီး များသောအားဖြင့် ၄င်းတို့ဟာ အလွယ်တကူ Setup လုပ်နိုင်ကြပါတယ် သူတို့တွေ ဟာ ကုမ္ပဏီအသေးလေးတွေကနေ အလယ်အလတ်တန်းအစား အထိအသုံးပြုနိုင်ကြပါတယ်.. Free Firewall တွေဟာများသောအားဖြင့် Desktop Firewall ပုံစံနဲ့လာတတ်ကြပါတယ်.. ၄င်းကို Personal Firewall လို့လည်း ခေါ်ပါတယ်.. Desktop Firewall ဆိုသည်မှာ.. ကွန်ပျူတာ တစ်လုံးတည်းအတွက် ကာကွယ်ဖို့ဘဲ အဲဒီကွန်ပျူတာရဲ့ OS မှာ Installed လုပ်ထားတဲ့ မည်သည့် Software ကိုမဆို Desktop Firewall လို့ခေါ်တာဖြစ်ပါတယ်.. Desktop Firewall ကိုလည်း Personal Firewall လို့လည်းခေါ်ပါတယ်.. ဒီ Desktop Firewall များ ဟာ ========================================== ဆက်ဖတ်ရန်>http://saithu102.blogspot.com/2014/03/windows-firewall.html

Thursday, February 13, 2014

Template အလန်းလေး ဖြစ်တဲ့ AndroidMag ဆိုတဲ့ တက်ပလက်လေး


မင်္ဂလာပါ  နော်  သည်နေ့ ကျွန်တော် သုံးကြည့်ထားတဲ့ တက်ပလက်လေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ
အတော်လေး လှပါတယ်.. ရိုးရှင်းစွာသုံးလို သူတွေအတွက်  တကယ်လည်း ရှင်းလင်းလှပါတယ်
ကျနော်ကတော့ ကာလာလေးတွေ ချိန်းသုံးထားတော့ ပိုလန်းတာပေါ့ေိေိ...
လိုခြင်သူများ အနေဖြင့် အောက်မှာ ဒေါ်င်းယူနိုင်ပါတယ်နော်..


DOWNLOAD                 PREVIEW

အထူးကျေးဇူးတင်ပါတယ်.. အဆင်မပြေတာများရှိခဲ့ပါက ဘလော့ခရီးသည် C-BOX မှာ စာချန်ပြီး
ပြောခဲ့နိုင်ပါတယ်..

Wednesday, October 09, 2013

ဘလော့မှာ Video တင်နည်း ( အသစ်များအတွက်)

မင်္ဂလာပါဗျာ... သည်နေ့ရေးမဲ့နည်းပညာလေးကတော့ ဘောလ့ကာ အသစ်လေးတွေအတွက် လာရောက်
တောင်းဆိုထားလို့   ဘလော့မှာ Video တွေတင်တဲ့နည်းလေးဖြစ်ပါတယ်... အရင်ကလည်းတင်ဖူးပါတယ်
ဒါကတော့ video တင်နည်းဘဲ သီးသန့် တင်ပေးလိုက်ပါတယ်နော်... အောက်မှာ ပုံလေးတွေနဲ့ သေသေခြာခြာ ရှင်းပြထားပါတယ်.....လေ့လာလိုက်ပါနော် သိသူများကျော်သွားပေးကြပါ

   အဆင့်  (၁) ....................  မိမိဘလေးကာကို   Sing In   ၀င်လိုက်ပါနော်....
                                      ဒါဆို အောက်မှာ ပြထားသလို မိမိ ဘလော့ကာရဲ့ New Post ဆိုတာလေး.

 ပုံမှာ ပြထားသလိုဘဲ  အပေါ်က ပုံလေးကလစ်ပေးလိုက်ရမှာ ဖြစ်ပါတယ်...နော်...အဲခါမှာ  ဆက်ကြည့်ပါ

   အဆင့်  ( ၂ )  ..................ကတော့ ကွန်ပျူတာထဲကတင်မလား ယူကျုကလားပေါ့

အဲလိုကျလာပါမယ်... မိမိအနေနဲ့ ဒေါင်းယူထားပြီးသော မိမိ စက်ထဲမှာ video များကိုတင်မည်ဆိုပါက
အလယ်က Choose a video upload  ဆိုတာကိုကလစ်ပြီးတင်ရမှာဖြစ်ပါတယ်..
ယူကျုကနေ တင်မယ်ဆိုပါက  From YouTube ဆိုတာကိုကလစ်ရပါမယ်.....နော်

   အဆင့်  (၃ )  .........................  ကတော့ ကွန်ပျူတာကတင်တဲ့ခါ ကျလာတဲ့ ဖိုင်ပါ..

ကွန်ပျူတာက တင်တဲံခါ  ကွန်ပျူတာ ဇယားလေးခုလိုကျလာပါတယ်.. အဲထဲက မိမိတို့တင်လိုသော video ဖိုင်သိမ်းရာနေရာ အရောက်သွားလိုက်ပါ တွေကတာနဲ့ တင်မဲ့ ဟာကို တချက်ကလစ်ပါ အောက်က Open ဆိုတာကိုကလစ်ပြီးတင်လိုက်ရုံပါဘဲနော်....

   အဆင့်  (၄ ) ..................ကတော့ တင်ထားတာလေး upload နေတာပါေ အာက်မှာ တင်နေတဲ့ အခြေနေလေးပြထားပါတယ်....

 ကွန်ပျူတာက တင်တဲ့အခါ အချိန်သင့်တင့် ကြာပါလိမ့်မယ်.. စောင့်ပေးလိုက်ပါ  Uploading Video ဆိုပြီး
အော်တို တင်နေပါမည်.... စောင့်ဆိုင်းနေလိုက်ပါနော်....

   အဆင့် (၅)..............ယူကျုကနေတင်မယ်ဆိုရင်တော့ အောက်ကလိုလေးကျလာမှာ ဖြစ်ပါတယ်နော်..

ဒါဆို အပေါ်က ဘောက်လေးမှာ ကိုယ်တင်ခြင်သော video ရဲ့ link ကိုဖြစ်စေ  တင်ခြင်တဲ့ သီချင်း...အဆိုရှင်   ...ဇာတ်လမ်း  အမည်ကိုဖြစ်စေ ရေးပြီးရှာလိုက်ပါ..ရှိတယ်ဆို ပုံမှာ ပြသလို ကျလာမှာဖြစ်ပါတယ်... ကျလာတာထဲက တင်ခြင်တာတခုကို  ကလစ်လိုက်ပါ  နောက် အောက်က Select ကိုကလစ်ပြီးတင်ပေးလိုက်ပါနော်..
    အဆင့်  (၆ ) ..........  အနေနဲ့ကတော့   တင်ထားတဲ့ Video ဆိုဒ်ကို ထပ်ပြီးချဲ့မယ် ဆိုတဲ့ နည်းလေးပါ


အဲလို Videoိကုတင်ပြီးပြီဆိုတာနဲ့ သေးနေပါက ချဲ့ လို့ရပါတယ်.. အဲတာကတော့ အပေါ်က Html ဆိုတာလေးကို ကလစ်ပေးလိုက်ပါ ဒါဆို အောက်မှာပြထားသလိုကုဒ်တွေ ဘဲမြင်နေရမယ်...နော်


ဒါဆို ကုဒ်တွေထဲကနေ ချဲ့ရပါမယ်... အဲမှာ ရှာလိုက်ပါ  widget  နဲ့ hight ဆိုတာတွေပါနေမယ်... အဲထဲက နံပါတ်တွေကိုဘဲပြုပြင်ရမှာ ဖြစ်ပါတယ်... widget ဆိုတာကတော့ အလျှား ရဲ့ နံပါတ်တွေပေါ့
hight ဆိုတာကတော့ အပေါ်အောက် ပေါ့နော်... ဒါဆို လိုအပ်သလိုချဲ့ပေးလိုက်ပါ.... ကျွန်တော် အမြဲ ချဲကနေကျကတော့  widget 550  နဲ့ hight  400 ဘဲဖြစ်ပါတယ်.. ဒါတော့ မိမိတို့ တက်ပလက် အပေါ်မူတည်ပြီး လိုသလို ချဲကနိုင်ပါတယ်...ပြီးတာနဲ့ html ရှေ့က compose ဆိုတာကို ကလစ်ကြည့်ပါ..


ကဲကဲကဲ ဗျာ................သည်လောက်ဆို အဆင်ပြပါပြီနော်.... မိမိတင်သော video ရဲ့အမျိုးအစားကို
ညာဘက်က labels ကိုကလစ်ပြီး ထည့်ပါ... ဥပမာ။    ။ အချစ်သီချင်း။ မြန်မာသံစဉ်။ခေတ်ပေးတေး။
ဘာဘာညာညာ ပေါ့ဗျာ...ေိေိ... မိမိတင်တဲ့ သီချင်း (သို့) video ရဲ့ခေါင်းစဉ်အမည်ကိုတော့ အပေါ်က
post title ဆိုတဲ့နေရာမှာ ရေးပေး၇မှာ ဖြစ်ပါတယ်...နော်...အိုခေ..
အားလုံူးအဆင်ပြပါပြီ.... အားလုံးသေခြာ စီစစ်ပြီးးတာနဲ့   Publish ကိုကလစ်တင်လိုက်ပေါ့နော်..
ဘိုင်....ဘိုင်......တာ့တာ.....ပျော်ပါစေ



မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း



မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်းဆိုရာတွင် မိမိရဲ့ blogspot.com က လိပ်စာ နဲ့ မိမိ ၀ယ်ယူထားတဲ့ Domain Name ကို ချိတ်ဆက်ပြီး yourdomainname.blogspot.com အစား yourdomainname.com ဆိုတဲ့ လိပ်စာကို ပြောင်းလဲအသုံးပြုခြင်းပါပဲ။
ဒီနေရာမှာ အပိုင်း ၄ ခုလောက် ခွဲပြီးအဆင့်လိုက်လုပ်ဆောင်ပြသွားပါမယ်။
၁။ Blogger တွင် Custom Domain ထည့်သွင်းခြင်း။
၂။ Domain ပိုဆိုင်မူ စိစစ်ရန် Token ရယူခြင်း (Ownership verification token)
၃။ DNS (Domain Name System) ပြောင်းလဲခြင်း။
၎။ Ownership အား Verify လုပ်ခြင်း
တို့ဖြစ်ကြပါတယ်။
၁။ Blogger တွင် Custom Domain ထည့်သွင်းခြင်း။
မိမိမှာ blogspot ရှိတယ်ဆိုရင် ပထမဦးစွာ http://www.blogger.com/ ထဲကို ၀င်လိုက်တာနဲ့ မိမိရဲ့ blogspot site က ပေါ်နေပါလိမ့်မယ်… ပုံမှာပြထားတဲ့ အတိုင်း Setting > Basic ဆိုတဲ့အထဲကိုသွားပါ။
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း

Publishing ရဲ့ အောက်နားမှာ Add Custom Domain ဆိုတာကို ရွေးချယ်လိုက်ပါ။
ပြီးရင် Advanced settings ဆိုတဲ့အထဲကို ရောက်သွားပါလိမ့်မယ်။
ပုံမှာဖော်ပြထားတဲ့အတိုင်း မိမိဝယ်ယူထားတဲ့ Domain name ကိုရိုက်ထည့်ပြီး Save ကိုနိုပ်လိုက်ပါ။
“We have not been able to verify your authority to this domain. Error 12. Please follow the settings instructions.” ဆိုတဲ့ error ထွက်လာပါလိမ့်မယ်။

မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
၂။ Domain ပိုဆိုင်မူ စိစစ်ရန် Token ရယူခြင်း (Ownership verification token)
စောစောတုန်းက အဆင့် ၁ မှာ ပြခဲ့သလို Custom Domain ရယူပြီးတဲ့အချိန်မှာ Save Button နိုပ်ရင် Error Code နဲ့အတူ CNAME ၂ ခုထွက်လာသလို အဲ့လိုမှမဟုတ်ရင် Settings Instructions ဆိုတဲ့နေရာမှာ နိုပ်ရင်လည်း အောက်ပါပုံမှာ ပြထားသလို CNAME ၂ ခုကို ရယူနိုင်ပါတယ်။
Point လုပ်ရန် CNAME နှစ်ခုထွက်လာပါလိမ့်မယ်။
1. www ဆိုတဲ့ “name/label/host” ဆိုတဲ့ တစ်ခုနဲ့ “Address/Destination/Target” က ghs.google.com ဆိုပြီးဖြစ်ပါတယ်။
2. နောက်တစ်ခုကတော့ verification code ဖြစ်ပါတယ်။ သူကတော့ တစ်ဦးနဲ့တစ်ဦးတူမှာမဟုတ်ပါဘူး
ဥပမာ – “name/label/host”  ဆိုတဲ့နေရာမှာ SFEFA52A22 ဆိုပြီးဖြစ်နိုင်ပြီး “Address/Destination/Target” က gv-HRAABJZSDDD33D2DD2DLNUYTDU2.MA.domainverify.googlehosted.com. ဆိုပြီးဖြစ်ပါတယ်။
အထက်ဖော်ပြပါ CNAME နှစ်ခုစလုံးကို မှတ်သားထားဖို့လိုပါတယ်။
နောက်တစ်ခုက အကယ်၍ User တွေက မိမိရဲ့ domain ကို www မရိုက်ထည့်ပဲ ၀င်ခဲ့မယ်ဆိုရင် error တွေကျလာတတ်ပါတယ်.. အဲ့အတွက် “A Records” ၄ ခုလည်း မှတ်သားထားရန်လိုပါတယ်။
216.239.32.21
216.239.34.21
216.239.36.21
216.239.38.21
တွေဖြစ်ပါတယ်။

၃။ DNS (Domain Name System) ပြောင်းလဲခြင်း။
မိမိရဲ့ ဒိုမိန်း Control Panel ထဲကို ၀င်ပါ။
CNAME နဲ့ A Record ကို ပုံမှာပြထားသည့်အတိုင်း ထည့်သွင်းရန်သာဖြစ်ပါတယ်။
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း : DNS Management
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း : A Record ထည့်သွင်းထားပုံ
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း : ပထမ CNAME ထည့်သွင်းပုံ
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း : ဒုတိယ CNAME ထည့်သွင်းပုံ

၎။ Ownership အား Verify လုပ်ခြင်း
နောက်ဆုံးအဆင့်ကတော့ မိမိရဲ့ DNS မှာ စောစောတုန်းက A Record and CName တွေထည့်သွင်းပြီးလို့ နာရီဝက်ခန့်အကြာ DNS Active ဖြစ်ပါက Blogspot ထဲကိုဝင်၍
Add custom domain မှနေ၍ မိမိရဲ့ domain အမည်ကို (e.g www.yourdomainname.com) ဟူ၍ ရိုက်ထည့်ပြီး Save လုပ်လိုက်ရင် ရပါပြီ။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

Saturday, October 05, 2013

ဘလော့မှာ ပုံတွေကို Scoorl Bar လေးနဲ့ အများကြီးတင်ကြမယ်

ကဲ... သည်နည်းပညာလေးကတော့   ထူးထူးထွေထွေတော့ မရှိပါဘူးး  ချက်ဘောက်ကနေ mark ရဲ့
မေးမြန်းထားတာလေးကို ဖြေကြားရင် မသိသေးသူများလည်း သိရှိစေရန်  တင်ပြလိုက်ရခြင်းဖြစ်ပါတယ်..
ပုံတွေ အများကြီးတင် ခြင်တယ်ဆိုတဲ့ မိတ်ဆွေများအတွက်  ပုံတွေကို သည်တိုင်းအလွတ် တင်မဲ့အစား
ခုကျွန်တော် တ်ပြထားသလို စကိုးဘားးဆွဲတာလေးနဲ့ တင်မယ်ဆို သေသပ်လှပပြီး နေရာ ကုန်သက်သာစေပါတယ်... သည်နည်းလေးကို ကျနော် သေခြာ ရှင်းပြပါ့မယ်...နော်

 ပုံ (၁)
ပုံ (၂)
ပုံ (၃)
ပုံ(၄)
ပုံ (၅)
 ပုံ (၆)
ပုံ (၇)
ပုံ (၈)
ပုံ (၉)
ပုံ(၁၀)


ကဲ ကျွန်တော်ပုံလးတွေနဲ့ သေခြာ ရှင်းပြပါမယ်နော်.. သေသေခြာခြာ ကြည့်လိုက်ပါ အရမ်းလွယ်ပါတယ်
ပထမဆုံး   မိမိတို့ဘလော့ ပို့စ်တင်တဲ့နေရာ သွားလိုက်ပါနော်...
 ပုံတင်ရမဲ့ နေရာလေးကနေ ပြီးတော့ မိမိတို့ စိတ်ကြိုက် ပုံတွေကို  တင်ခြင်သလောက် အရင်တင်လိုက်ပါနော်
တင်ပြီးတာနဲ့ အောက်မှာ ပြထားတဲ့ပုံလေးလို ပေါ့..ဆက်ုလပ်ကြမယ်
ပုံတွေ တင်ပြီးပြီဆိုတာနဲ့ အပေါ်က Html ဆိုတာကိုကလစ်လိုက်ပါ  ဒါဆို ပုံတွေကနေ  ကုဒ်တွေအဖြစ် 
ပြောင်းလည်းသွားပါလိမ့်မယ်... အဲကုဒ်တွေ ကို အပေါ်ဆုံး ရဲ့ ရှေ့ဆုံးကနေမောက် ကာဆာချ Enter ခေါက်ပါ
ဒါဆို အပေါ်မှာ နေရာ လွတ်လာမယ်... ဒါဆို အဲနေရာမှာဘဲ..
အောက်မှာ ပေးထားတဲ့ ကုဒ်တွေကို ထည့်ပေးလိုက်ပါနော်...

အသုံးပြုရမည့်ကုဒ်မှာ
============

<div dir="ltr" style="text-align: left;" trbidi="on">
<div style="border: 1px solid #DF01D7; height: 300px; overflow: auto; padding:
 &lt;wbr&gt;10px; width: &lt;div&gt;&lt;wbr&gt;320px;">
အိုကေ...သည်ကုဒ်လေးထည့်ပြီးတာနဲ့ အပေါ် မှာ ရှိတဲ့  Compose ကိုကလစ်ကြည့်လိုက်ပါ.. ပုံလေးတွေဟာ
စကိုးဘားလေးထဲမှာ ရှိနေပါလိမ့်မယ်... ဘယ်လောက် များများတင်ထားပါစေ  ဘားလေးနဲ့ဆွဲ ကြည့်ယုံပါဘဲ
ဘလော့ပေါ်မှာ နေရာ သက်သာစေသလို ကြည့်ရတာလည်း လှပ သေသပ်ပါတယ်...
မှတ်ချက်   ။            ။  ပုံဇယားရဲ့ အပေါ်နဲ့ အောက်မှာ စာသားများ တခြားရေးသားစရာများရှိခဲ့ပါက...
                               html ဆိုတာကိုကလစ်ပါ  ကုဒ်အားလုံးရဲ့ အပေါ်ဆုံး  နဲ့  အောက်ဆုံးမှာ စာလေး တလုံး နှစ်လုံး ရေးပေးလိုက်ပါ  ပြီးတာနဲ့  compose ကိုပြန်ကလစ်လို့ရပါပြီ... စာရေးဖို့ နေရာရနေပါပြီ....


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ

လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ

စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

အရင်နဲ့မတူတဲ့ ကျ နော်

တက်တိုးဝင်း