Powered By Blogger

Saturday, September 08, 2012

ဘလော့ဆိုဒ်မှာ ဘလော့ပိုစ့် တင်းနည်း ပုံစံ-၂ မျိုး


စလေ့လာကာစ သူများတောင်းဆိုထားတာလေးပါ သိပြီးသားသူအတွက်ကတော့ အဆန်း မဟုတ်ပေမယ့်မသိတဲ့သူအတွက် အခက် ဖြစ်နေလို့ ဘလော့ပိုစ့်တင်နည်း ပုံစံ အဟောင်း အသစ် 2 မျိုးလုံးကို ကျူတိုရီရယ်လေးလုပ်တင်ပေးလိုက်ပါတယ် သိပြီးသူများ ကျော်သွားလိုက်ပေါ့
ကဲ မသိသေးတဲ့ မိတ်ဆွေများ စလိုက်ရအောင်

အောက်ကပုံကို ကြည့်ပါ ဒီပုံစံက ပုံစံ အဟောင်းပါ ပုံတွေ သေးနေတယ် ဆိုရင် ပုံပေါ် ကလစ်နှိပ်ပြီးကြည့်ပါ
ပထမ မိမိအကောက်ဝင်လိုက်ပြီးအခြေအနေပါ အဲလိုမြင်ရပါမယ် ကိုယ်က ပိုစ့်အသစ် တင်မယ်ဆိုတော့ အနီရောင် ၀ိုင်းပြထားတဲ့နေရာ ကိုနှိပ်ပါ New Post လို့ စာရေးထားပါတယ်


နောက်စာမျက်နှာ တက်လာရင် အောက်ကပုံလို မြင်ရပါမယ်
အပြာရောင်ပြထားတဲ့နေရာမှာ ပိုစ့် ခေါင်းစဉ်ရိုက်ထည့်ပေးပါ ဥပမာ- ချစ်ချစ်အတွက် ကဗျာတစ်ပုဒ်
အနီရောင်ပြထားတဲ့နေရာထဲမှာ ဖော်ပြလိုတဲ့ အကြောင်းအရာ စာကိုယ် ထည့်ရပါမယ်
ပန်းရောင်ပြထားတဲ့နေရာမှာ သီးခြားအုပ်စုအလိုက် ဖော်ပြလိုတဲ့ ခေါင်းစဉ်ကို ထည့်ပေးရပါမယ် ဥပမာ ကဗျာများ ။ ဆော့ဝဲလ်မြို့တော် ကျန်တာတွေကတော့ ပုံကို ကလစ်ပြီး ဖတ်ကြည့်လိုက်ပါ






အောက်ကပုံကတော့ ယခု ပုံစံအသစ်ပါ  တခါမှ ၀င်မထားဘူးဆိုရင် အောက်ကပုံလို အနေအထားနဲ့ စပေါ်ပါတယ်  ၀ိုင်းပြထားတဲ့နေရာက မိမိ ဆိုဒ်နာမည်ပေါ်မှာ ကလစ်လိုက်ပါ


အခုတက်လာတဲ့စာမျက်နှာကို တစ်ခါတည်းမြင်ရင်လဲ မြင်ရတတ်ပါတယ် ဟာအကိုပြပေးတာမရှိဘူးဆိုပြီး မကြောင်သွားပါနဲ့ အောက်ကစာမျက်နှာတက်လာပါမယ် New Post ဆိုတာကို နှိပ်ပါ




အောက်ကစာမျက်နှာပေါ်လာပြီ အဲဒီမှာ စာရေးတင်လို့ ရတဲ့ အနေအထားရောက်လာပါပြီ အပေါ်မှာ ပြထားပြီးပြီမို့ ထပ်ပြောတော့ဘူးနော် မရှင်းရင် ပုံမှာ တစ်ခါတည်းနှိပ်ကြည့်လိုက် ရေးပြထားပါတယ်



နောက်ဆုံး အကုန် စိတ်ကြိုက်လုပ်ပြီးပြီ ဆိုတဲ့ အခါမှာ PUBLISH POST ဆိုတာကို နှိပ်ပေးလိုက်ပါ ဘလော့ပိုစ့်တက်သွားပါမယ် ဒါဆို ဘလော့ပိုစ့်တင်တာ ပြီးပါပြီ


သည်ဆိုဒ်လေး ဖြစ်ဖို့ ကျနော် စိတ်ကူးယဉ်ခဲ့တာ ကြာပါပြီဗျာ.. စုဆောင်းထားသမျှလေးတွေနဲ့ ကြိုးစားထူထောင်လိုက်ပါပြီ။ ကျနော့်ရဲ့ မြင်ဆရာ kp-3 ကိုအားကျမိလို့ပါ။ အားပေးမှုကိုအစဉ်လေးစားလျှက်ပါ။ တုန်ပြန်မှုလေးတစ်ခုအနေနဲ့...စကားလေးတစ်ခွန်းဘဲ ချန်ခဲ့ရင် ကျေနပ်ပါပြီ။ အောင်အောင်(မကစ) www.ledimyethar.com www.depelyin.co.cc www.aungkyaw.com

No comments:

Post a Comment

အရင်နဲ့မတူတဲ့ ကျ နော်

တက်တိုးဝင်း