Powered By Blogger

Tuesday, September 11, 2012

Cbox ထည့်နည်းလေးပါ ..











ကဲဒီတစ်ခါ cbox ထည့်နည်းလေးပြောပါ့မယ် ..
ပထမဦးဆုံး ဒီကို သွားပါ ..
ပြီးလျှင် sign up လုပ်ပါ ... ပြီးသွားတာနဲ့ ရလာတဲ့ html ကုတ်တွေကို Publish! ကို နှိပ်လိုက်တာနဲ့ သူက Html ကုတ်ပေးပါလိမ့်မယ် .. အဲ့ဒီ့ကုတ်ကို www.blogger.com >> sign in >> layout >> Page element >>Add a Gadget ကိုနှိပ်ပါ ပေါ်လာတဲ့ အထဲက Html/javascript ကို နှိပ်လိုက်ပါ .. ပြီးရင်တော့ ကိုရထားတဲ့ html codes တွေကို ထည့်လိုက်ပေါ့ .. ပြီးရင်အိုကေပေါ့ ..

ပြီးတော့ ကိုမကြိုက်တဲ့သူကို report spam လုပ်တာတို့ Ban တာတို့လဲ လုပ်လို့ရပါသေးတယ် .. Ban တယ်ဆိုတာ သူသုံးနေတဲ့ အိုင်ပီကို ပိတ်လိုက်တာပါ .. အဲ့ဒီ့အတွက်ကြောင့် cbox မှာ သူသုံးနေတဲ့ အိုင်ပီနဲ့ ရေးလို့မရတော့ဘူးပေါ့ .. Ban တယ်ဆိုတာ တန်ဖိုးမရှိတဲ့စကားလုံးတွေ၊ ညစ်ညမ်းတဲ့စာတွေလာရေးတဲ့သူတွေအတွက်ပါ .. ပြီးတော့ ရေးထားတဲ့စာတွေထပ်နေတာပဲဖြစ်ဖြစ် ကိုမလိုချင်တဲ့ message ကိုပဲဖြစ်ဖြစ် ဖျက်ချင်ရင်တော့ cbox >> messေge >> messages ကိုသွားပါ လာရေးထားတဲ့ သူတွေရဲ့ messages တွေတွေ့ရပါလိမ့်မယ် အဲ့ဒီ့အထဲက ညာဘက်အပေါ်နားမှာ ban,delete,report spam ဆိုပြီးတွေ့ရပါလိမ့်မယ် .. အောက်မှာတော့ လာရေးတဲ့သူတွေရဲ့ ip address တွေကို တွေ့ရမှာပါ ... ကျွန်တော်ရှင်းပြတာ ကလေးတစ်ယောက်ကို ရှင်းပြနေသလိုဖြစ်နေရင်တော့ ခွင့်လွှတ်ပေးကြပါ .. မသိသေးတဲ့သူများအတွက် ရည်ရွယ်ပါတယ် ခင်ဗျာ ..



သည်ဆိုဒ်လေး ဖြစ်ဖို့ ကျနော် စိတ်ကူးယဉ်ခဲ့တာ ကြာပါပြီဗျာ.. စုဆောင်းထားသမျှလေးတွေနဲ့ ကြိုးစားထူထောင်လိုက်ပါပြီ။ ကျနော့်ရဲ့ မြင်ဆရာ kp-3 ကိုအားကျမိလို့ပါ။ အားပေးမှုကိုအစဉ်လေးစားလျှက်ပါ။ တုန်ပြန်မှုလေးတစ်ခုအနေနဲ့...စကားလေးတစ်ခွန်းဘဲ ချန်ခဲ့ရင် ကျေနပ်ပါပြီ။ အောင်အောင်(မကစ)

No comments:

Post a Comment

အရင်နဲ့မတူတဲ့ ကျ နော်

တက်တိုးဝင်း