Powered By Blogger

Sunday, September 22, 2013

Join this site ဆိုတဲ့ မန်ဘာဝင်ရန် ထည့်နည်း ( c-box တောင်းဆိုမှု )

 မင်္ဂလာပါ ကျနော်လည်း ဘလော့ပညာမရေးဖြစ်တာ ကြာနေပြီဗျာ  နေမကောင်းးတာနဲ့  မရေးဖြစ်ဘူး သည်နေ့တော့ ချက်ဘောက်ကနေ မေးထားတာလေး ထရေးဖြစ်တယ်... ဘာမှတော့ မခက်ခဲတဲ့ အရာလေးတစ်ခုပါ ဒါပေမယ့်  သိတဲ့သူတွေ အတွက် ကျော်ဖြတ်သွားပေးပါနော်...ကျတော် ခုနည်းကိုရေးလိုက်တာ တောင်းဆိုသူအတွက်ပါ....

မဟော်သွေး: အစ်ကိုရေ....member ၀င်တဲ့ join this site ကို ကျွန်တော့်ဘလော့မှာပေါ်အောင်ဘယ်လိုလုပ်ရမလဲဗျာ..ပြောပြပေးနော်  
ကဲ မဟော်သွေး  ရေအောက်မှာ လေ့လာလိုက်နော်
ပထမဆုံး ဘောလ့ကာ ကိုဝင်လိုက်ပါ နောက် layout ကိုသွားလိုက်ပါနော်...

ရောက်တာနဲ့ add a gadget ဆိုတာလေးကို ကလစ်ပေးလိုက်ပါနော်

အပေါ်ကလို ဇယားလေးတခုကျလာမှာ ဖြစ်ပါတယ်... ပထမကျတဲ့ ဇယားမှာ ရှိတာတွေထဲမှာ မပါဘူးနော်
သည်တော့ အပေါ်မှာ အနီ ကွက်ပြထားတဲ့ More Gadgets ဆိုတာကိုကလစ်လိုက်ပါ
ပြီးတာနဲ့ အဲထဲမှာ အောက်ဆုံးနားမှာ ဆွဲချကြည့်လိုက်ပါနော်  တွေ့ပါ့မယ်..အောက်ကပုံလေးလိုပေါ့

Followers ဆိုတာလေးတွေ့တာနဲ့ ကလစ် ဆေ့လိုက်ပါ  မိမိဘလော့မှာ join this site ဆိုတဲ့ မန်ဘာဝင်ရန် ဆိုတာလေး ရရှိလာပြီဖြစ်ပါတယ်... အဆင်ပြေပါစေ.

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ

လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ

စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

အရင်နဲ့မတူတဲ့ ကျ နော်

တက်တိုးဝင်း